* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Wet Shotcrete Laboratory Tests

စာရေးသူ © သစ္စာ | သ​စ်စာ |


China Completes Construction of World's Fastest Underwater Railway Tunnel

စာရေးသူ © MyMetro |

တရုတ်နိုင်ငံ၏ ပထမဆုံးသော ရေအောက်ရထားလမ်းဥမင် ဖောက်လုပ်မှုမှာ ယခုနှစ် မတ်လ ၁၂ ရက်နေ့က ပြီးစီးခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးနှုန်းဖြင့် ရထားများကို ၎င်းဥမင်အတွင်းမှ ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရှီကျီယန် (Shiziyang) ဥမင်ဟုခေါ်သော အဆိုပါဥမင်စီမံကိန်းသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ် (Guangdong) ရှိ ပုလဲမြစ်ဝကိုဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အရှည် ၁၀.၈ ကီလိုမီတာ ရှိသည်။ ဥမင်အတွင်း ရထားများကို တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး ထိုအမြန်နှုန်းသည် ကမ္ဘာတစ်ဝှန်းရှိ ရေအောက်ဥမင်များတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။

Shotcrete in tunneling

စာရေးသူ © MyMetro |

Shotcrete ၏ ဘက်စုံအသုံးဝင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ အသုံးပြုနိုင်ခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ယနေ့ခေတ် ဥမင်နှင့် တွင်း (shaft) များတည်ဆောက်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ လတ်တလော ဖောက်လုပ်ထားသော ဥမင် မျက်နှာပြင်များတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဥမင်နှင့် တွင်း(shaft)တို့ ဆက်စပ်နေရာများ၊ ဥမင်ချဲ့ထွင်သော နေရာများ၊ ဥမင်လမ်းကြောင်း အဆက်နေရာများတို့တွင် တွဲစပ်အနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် မြေအခြေအနေကိုလိုက်၍ သင့်တော်သော အရောအနှော၊ အထူတို့ကို အမျိုးမျိုးအသုံးပြု၍ ရခြင်းတို့သည် Shotcrete ၏ အားသာချက်များ ဖြစ်သည်။

Longest rail-tunnels in South-East Asia

စာရေးသူ © MyMetro |

အရှေ့တောင်အာရှတွင် အရှည်ဆုံးဖြစ်လာမည့် ဒေသအခေါ် ဘီရာပစ် (Berapit) အမွှာရထားလမ်းဥမင်များကို မလေးရှားကျွန်းဆွယ် မြောက်ပိုင်းတွင် ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၂.၂ ကီလိုမီတာစီ ရှည်လျားသည့် အဆိုပါဥမင်များကို သမားရိုးကျတူးဖော်နည်း ဖြစ်သည့် Drilling and blasting method ကို အသုံးပြုကာ Sandvik DT820-SC ဥမင်တူး jumbos များဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်သည်။

မြေငလျင်လှုပ်သောကြောင့် ငလျင်လှိုင်းများ သက် ရောက်သည့်အခါ (သို့မဟုတ်) လူတို့ပြုလုပ် သော မြေအောက် ဖောက်ခွဲမှု (ဝါ) ဥမင်တူးဖော်မှုများ ပြုလုပ်သည့်အခါ မြေသားထုအတွင်း ဒိုင်နမစ်အား လှိုင်းများ ပျံနှံ့ သက်ရောက်လေ့ရှိပါသည်။ ထိုလှိုင်း များ မြေထုအတွင်း ပျံ့နှံ့သက်ရောက်ပုံကို လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် လှိုင်းအလျား ၏ ၂ ဆ၊ ၃ဆခန့် ရှိသော အကွာအဝေးတွင် လှိုင်းများကို ဖြစ်ပေါ်စေသော ရင်းမြစ် (source) များကိုထားရှိပြီး တွက်ချက်လေ့ရှိသည်။ Elastic medium အတွင်း လှိုင်းများ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော မြေသားထုအတွင်း အား (stress) နှင့် အရွေ့(Displacement) တို့ ဖြန့်ခွဲ သက်ရောက်ပုံမှာ အတော်အတန် ရှုပ်ထွေးပါသည်။ လှိုင်းများပျံ့နှံစဉ် (wave radiation) အတွင်း အား (stress)များ သက်ရောက်ပုံမှာ လှိုင်းဖြစ်ပေါ်ရာ ရင်းမြစ်၏ အမျိုးအစား၊ ထိုရင်းမြစ်၏ ပတ်လည်ရှိ ထိစပ်နေသော မြေသားဂုဏ်သတ္တိ တို့အပေါ် အဓိက မူတည်နေပါသည်။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံတန် မီထရို စီမံကိန်းကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ပမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၈ ခုကို ဆန်ကာတင်စာရင်း တင်သွင်းထားကြောင်း သိရသည်။ ၎င်းစီမံကိန်းသည် စစ်ဒဏ်ကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုများ မရှိသောကြောင့် ပျက်စီးနေသည့် ဘဂ္ဂဒက်မြို့တော်၏ အခြေခံ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

ရောပ - အာရှဖြတ်ကျော် ရထားကွန်ယက် (Trans-Asian Railways - TAR) သည်ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်စည်အပြန်အလှန် စီးဆင်းမှုရှိစေရန် စီမံဖောက်လုပ်မည့် ရထားလမ်းကွန်ယက် စီမံကိန်းဖြစ်သည်။ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း ကော်မရှင် - (United Nations Economic and Social Commission for Asia and the Pacific - UNESCAP )၏ စီမံကိန်းတခုလည်း ဖြစ်သည်။

ထားဘူတာရုံများနှင့် လမ်းပိုင်းများတွင် လျှပ်စစ်ရထားများ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် အတွက် railway signaling system နှင့် automatic control system တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရထားပို့ဆောင်ရေး လုပ်ငန်းများ၏ signaling system အတွက် အသုံးပြုသော equipments များကို equipments for signaling, centralization and blocking systems ဟုခေါ်ဆိုလေ့ရှိသည်။ စနစ်တစ်ခုလုံးကို မလေ့လာမီ အရေးကြီးသော အခေါ်အဝေါ်များဖြစ်သည့် signal၊ signaling၊ centralization၊ blocking စသည်တို့ကို စတင် မိတ်ဆက်လိုပါသည်။

နိဒါန်း
ယနေ့ခေတ် လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာသည့်အလျောက် လျှပ်စစ်နှင့်ပတ်သက်သော မတော်တဆ ထိခိုက်မှုများ၊ လျှပ်စစ်အန္တရာယ်များကိုလည်း တွေ့ကြုံလာကြရပါသည်။ ထို့ကြောင့် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သည့် အခြေခံဗဟုသုတများကို လျှပ်စစ်ပစ္စည်း ကိရိယာများနှင့် ထိတွေ့အသုံးပြုနေသူတိုင်း သိရှိထားသင့်ပါသည်။ ဤဆောင်းပါးတွင် စာရေးသူ ယခုပြုစုနေသည့် စာတမ်း၏ တစိတ်တပိုင်း ဖြစ်သော လျှပ်စစ်ဓာတ်လိုက်ခြင်းနှင့် ပတ်သက်သည့် သိကောင်းစရာများနှင့် မြေအောက်ရထား ဘူတာရုံများ၊ မြေအောက်ဥမင်များရှိ လျှပ်စစ်ဓာတ်အားပေးသည့် စနစ်တွင် လျှပ်စစ်အန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိခြင်း အပိုင်းမှ အချို့ကို မိတ်ဆက် ရေးသားထားပါသည်။

မော်စကို မီထရို ဗုံးပေါက်ကွဲ

စာရေးသူ © MyMetro |

ရုရှားနိုင်ငံ၊ မော်စကိုမြို့ မီထရိုတွင်း၌ ယနေ့နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားရာ လူ ၃၅ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ အမျိုသမီး အသေခံဗုံးခွဲသူ ၂ ဦးက ခရီးသည် အသွားအလာ ထူထပ်များပြားသော တနင်္လာနေ့ မနက်ပိုင်းအချိန်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများသည် မော်စကို မြို့လယ်နေရာများဖြစ်သော ဒူးမားလွှတ်တော်၊ မော်စကို ရင်ပြင်နီ စသည့်အထင်ကရ နေရာများမှ ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးကာ ရုံးများ၊ ဈေးဆိုင်များ၊ ကျောင်းများ တည်ရှိပြီး အသွားအလာ ရှုပ်ထွေးသည့် နေရာများဖြစ်သည်။


နေ့ကာလတွင် တိုးပွားလာသော လူဦးရေနှင့်အတူ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးစသည့် အခွင့်အလမ်းများကြောင့် မြို့ကြီးများသို့ ပြောင်းရွှေ့အခြေချမှုများ ပိုမိုများပြားလာခဲ့ရာ မြို့ကြီးများ၏ မြို့ပြဧရိယာမှာလည်း တနေ့တခြား ပိုမိုကျယ်ပြန့်လာပါသည်။

Technical Manual for Design and Construction of Road Tunnels

စာရေးသူ © MyMetro |

အင်တာနက်မှာ စာအုပ်တွေ လိုက်ရှာရင်းနဲ့ ရခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။ အမေရိကန်နိုင်ငံ Department of Transportation, Federal Highway Administration ထုတ်တဲ့ ကားလမ်းဥမင် ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး လက်စွဲစာအုပ် ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လကမှ ထုတ်တာဖြစ်လို့ ယနေ့လက်ရှိ ဥမင်ဆောက်လုပ်ရေး နည်းလမ်းတွေ၊ စက်ပစ္စည်းတွေကအစ အပ်ဒိတ်ဖြစ်တာ တွေ့ရပါတယ်။ စာအုပ်ထဲမှာ ထူးခြားတာက အမှာစကားရေးတဲ့ပုဂ္ဂိုလ်ဟာ မြန်မာလူမျိုးဖြစ်နေတာပါပဲ။ ဥမင်အင်/ယာများ အားလုံး ဆောင်ထားသင့်တဲ့ စာအုပ်ဖြစ်လို့ ဝေမျှလိုက်ရပါတယ်။ အောက်ပါလင့်များမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Technical Manual for Design and Construction of Road Tunnels

# mirror link

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.